ကိုယ်စားလှယ် လမ်းညွှန်
Agent Guideline
Thai Htee နဲ့ ကိုယ်စားလှယ်အဖြစ် စတင်လက်တွဲမယ့်သူတွေအတွက် လုပ်ငန်းလည်ပတ်ပုံ၊ အကျိုးခံစားခွင့်နဲ့ လိုက်နာရမယ့် စည်းကမ်းချက်တွေကို ဒီမှာ အစအဆုံး ဖတ်လို့ရပါတယ်။
ထိုင်းထီ မိတ်ဆက်
ထိုင်းအစိုးရထီ (Government Lottery) ဟာ ခိုင်မာပြီး ယုံကြည်စိတ်ချရတဲ့ ကံစမ်းမဲစနစ်တစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားများအကြားမှာလည်း အထူးရေပန်းစားပြီး လစဉ် ၁ ရက်နေ့နဲ့ ၁၆ ရက်နေ့၊ တစ်လကို ၂ ကြိမ် ပုံမှန်ဖွင့်လှစ်ပေးနေတာ ဖြစ်ပါတယ်။
Thai Htee အနေနဲ့ ထိုင်းအစိုးရထီ ကံစမ်းလိုသူတွေဆီ ကိုယ်စားလှယ်များကတစ်ဆင့် ထီလက်မှတ်တွေကို အဆင်ပြေချောမွေ့စွာ ဖြန့်ဖြူးရောင်းချနိုင်ဖို့ နည်းပညာအကူအညီနဲ့ စနစ်တကျ စီစဉ်ပေးထားပါတယ်။
www.thaihtee.com ဘယ်လို အလုပ်လုပ်သလဲ
လစဉ် ၇ ရက်နေ့နဲ့ ၂၂ ရက်နေ့ မတိုင်မီ ဝယ်ယူတဲ့ ထီလက်မှတ်တွေကို ဝယ်ယူသူတွေဆီ အိမ်အရောက်ပို့ အစီအစဉ်နဲ့ ပို့ဆောင်ပေးနေပါတယ်။ အဲ့ဒီရက်တွေကျော်မှ ဝယ်ယူတဲ့ ထီလက်မှတ်တွေကိုတော့ Safety Deposit Box ထဲမှာ စနစ်တကျ သိမ်းဆည်းထားပါတယ်။
ကိုယ်စားလှယ်တွေအနေနဲ့ Customer ဝယ်ယူတဲ့ ထီလက်မှတ်တွေကို www.thaihtee.com ဝက်ဘ်ဆိုဒ်ကနေ တိုက်ရိုက် Check out လုပ်ရမှာ ဖြစ်ပါတယ်။ အောင်မြင်စွာ ဝယ်ယူပြီးရင် Customer ရဲ့ email ထဲကို ထီလက်မှတ်နဲ့ ငွေပေးချေဝယ်ယူထားတဲ့ သက်သေ ရောက်ရှိမှာပါ။
ကိုယ်စားလှယ် ရောင်းချင်ရင် ဘာလုပ်ရမလဲ (How to Apply)
ကိုယ်စားလှယ်လျှောက်ထားလိုသူတွေအနေနဲ့ အောက်ကအချက်အလက်တွေကို အစအဆုံး ဖတ်ထားဖို့ လိုပါတယ်။
- အဆင့် (၁)ဆက်သွယ်စုံစမ်းခြင်း: Thai Htee ရဲ့ တရားဝင် Messenger Page သို့မဟုတ် Telegram - @panyamyanmar ကနေ ကိုယ်စားလှယ်လုပ်ချင်ကြောင်း စတင်ဆက်သွယ်ပါ။
- အဆင့် (၂)အချက်အလက်ပေးပို့ခြင်း: ကိုယ်ပိုင် Code ထုတ်ယူဖို့ အမည်၊ ဖုန်းနံပါတ်၊ email နဲ့ နေထိုင်ရာမြို့နယ် စတဲ့ အချက်အလက်တွေကို Telegram - @panyamyanmar သို့ ပေးပို့ပါ။
- အဆင့် (၃)အတည်ပြုခြင်းနှင့် ကိုယ်စားလှယ် Code ထုတ်ပေးခြင်း: Agent Guideline အတိုင်း သဘောတူညီရင် ကိုယ်စားလှယ်အဖြစ် အတည်ပြုပြီး www.thaihtee.com မှာ ကိုယ်ပိုင် Code ထုတ်ပေးသွားမှာပါ။
- အဆင့် (၄)ကိုယ်စားလှယ် လမ်းညွှန်ချက်ကို သေချာဖတ်ခြင်း: စတင်ရောင်းချမယ့် ကိုယ်စားလှယ်တွေအနေနဲ့ Agent Guideline ကို အစအဆုံး သေချာဖတ်ထားဖို့ လိုပါတယ်။ ဒါမှ ကိုယ်တကယ် လုပ်ချင်တဲ့ပုံစံနဲ့ ကိုက်ညီမှုရှိမရှိ ဆုံးဖြတ်နိုင်မှာပါ။
ကိုယ်စားလှယ် အကျိုးခံစားခွင့်များ (Benefits & Rewards)
၃.၁) ကော်မရှင်နှုန်းထားများ
| ရောင်းရတဲ့ စောင်ရေ | ကော်မရှင် |
|---|---|
| ၁ စောင်မှ ၂၀ စောင် | ၇၅၀ ကျပ် |
| ၂၁ စောင်မှ ၅၀ စောင် | ၁၂၀၀ ကျပ် |
| ၅၁ စောင်မှ ၅၀၀ စောင် | ၁၅၀၀ ကျပ် |
| ၅၀၁ စောင်မှ အထက် | ၂၁၀၀ ကျပ် |
ထီလက်မှတ် ရောင်းအား ၂၀ စောင်အထိကို ၇၅၀ ကျပ် သတ်မှတ်ထားပြီး ၂၁ စောင် စတင်ရောင်းရင် ၁၂၀၀ ကျပ်အထိ တိုးမြှင့်သတ်မှတ်ပေးမှာပါ။ ပထမရောင်းရတဲ့ ၂၀ စောင်ကိုပါ ၁၂၀၀ ကျပ်နဲ့ သတ်မှတ်ပေးမှာ ဖြစ်ပါတယ်။ တစ်လမှာ ၂ ကြိမ် ထီထွက်ရက်ရှိတာကြောင့် နှစ်ကြိမ်စာကို စုစုပေါင်း သတ်မှတ်ပေးပါတယ်။ ဥပမာ ပထမတစ်ကြိမ် ၃၀ စောင်နဲ့ ဒုတိယအကြိမ် ၂၅ စောင် ရောင်းရင် စုစုပေါင်း ၅၅ စောင်အဖြစ် သတ်မှတ်ပြီး ၁၅၀၀ ကျပ်နဲ့ ထုတ်ပေးမှာပါ။
၃.၂) ကော်မရှင် ထုတ်ယူခြင်း
လစဉ် လဆန်း ၃ ရက်နေ့ကနေ ၇ ရက်နေ့အတွင်း ရရှိထားတဲ့ ကော်မရှင်တွေကို ထုတ်ပေးသွားမှာပါ။
၃.၃) ကော်မရှင် သတိပေးချက် ရယူခြင်း
မိမိကိုယ်ပိုင် Code သို့မဟုတ် Link ကနေ ဝယ်ယူအောင်မြင်ထားတဲ့ ထီလက်မှတ်ကော်မရှင်အကြောင်းကို ချက်ချင်း email နဲ့ Telegram ကနေ အသိပေးမှာပါ။
၃.၄) အထောက်အပံ့ပေးခြင်း
ကိုယ်စားလှယ်တွေအနေနဲ့ Facebook Page လိုအပ်ရင် Follower 2000 ရှိတဲ့ Page တွေ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ကြော်ငြာဖို့လိုတဲ့ Design တွေနဲ့ Content တွေကိုလည်း ပြင်ဆင်ပေးသွားမှာပါ။
၃.၅) ကိုယ်စားလှယ် ရပ်နားခြင်း
လစဉ် စောင်ရေ ၅၀ အောက် ၃ ကြိမ် ဆက်တိုက်ရောက်ရှိရင်၊ Terms & Conditions မှာ သဘောတူထားတာတွေ ဖောက်ဖျက်ရင်၊ ဒါမှမဟုတ် အချက်အလက်မမှန်မကန်နဲ့ အလွဲသုံးစားမှု တစ်စုံတစ်ရာ ပေါ်ပေါက်ရင် ကိုယ်စားလှယ် ရပ်နားခြင်းကို Thai Htee Team က သုံးသပ်လုပ်ဆောင်သွားမှာပါ။
လုပ်ငန်းလည်ပတ်ခြင်း (Operations)
၄.၁) Sharing Information (အချက်အလက် ဝေမျှခြင်း)
Thai Htee Team က ထုတ်ပြန်တဲ့ သတင်းအချက်အလက်အသစ်တွေ၊ ထီလက်မှတ်အသစ်တွေ၊ Design နဲ့ Content တွေကို သီးသန့် Group ဖြစ်တဲ့ Facebook နဲ့ Telegram မှာ ဝေမျှသွားမှာပါ။ အများနဲ့သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကိုတော့ ထိုင်းထီရဲ့ တရားဝင်ဝက်ဘ်ဆိုဒ် www.thaihtee.com မှာ ဝေမျှသွားမှာ ဖြစ်ပါတယ်။
၄.၂) Sales & Marketing (ဈေးကွက်နှင့် အရောင်း)
သီးသန့် Group ထဲမှာ မျှဝေထားတဲ့ ထီလက်မှတ်တွေကို ကိုယ်စားလှယ်တွေအနေနဲ့ မိမိတို့ရဲ့ TikTok, Facebook, Telegram Channels တွေမှာ ပြန်လည်ဖြန့်ဝေပြီး Online ရောင်းချနိုင်သလို မိမိအဆင်ပြေတဲ့နည်းလမ်းနဲ့လည်း ရောင်းချနိုင်ပါတယ်။ Thai Htee Team က ဖန်တီးပေးထားတဲ့ Design နဲ့ Content တွေကိုလည်း လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။
၄.၃) ဝက်ဘ်ဆိုဒ်ပေါ်မှာ Check out လုပ်ခြင်း
မိမိတို့ ရောင်းချရတဲ့ ထီလက်မှတ်တွေကို ဝက်ဘ်ဆိုဒ်ပေါ်မှာ ချက်ချင်း Check out လုပ်ဖို့ လိုပါတယ်။ Group ထဲမှာ မျှဝေထားတဲ့ ထီလက်မှတ်တွေကို တပြိုင်တည်း ရောင်းချနေကြတာဖြစ်လို့ ငွေလက်ခံရရှိပြီးတာနဲ့ Check out လုပ်ရမှာပါ။ Check out မလုပ်ခင်အချိန်အတွင်း အခြားသူက ဝယ်သွားရင် အဲ့ဒီထီလက်မှတ်ကို မရနိုင်တော့ပါဘူး။
How to check out? ဘယ်လို Check out လုပ်ရမလဲဆိုတာကို ဗီဒီယိုဖိုင်နဲ့ ရှင်းပြထားပါတယ်။
Check out လုပ်နည်း Video၄.၄) ထီတိုက်ခြင်း
ထီပေါက်စဉ်ရလဒ်တွေကို တရားဝင် ထိုင်းအစိုးရထီဌာန (The Government Lottery Office) ရဲ့ ထုတ်ပြန်ချက်အတိုင်းသာ အတည်ပြုပါတယ်။ ထီဖွင့်တာနဲ့ ပေါက်တဲ့ဆုကို email ကနေ စနစ်တကျ တိုက်ရိုက်ပေးပို့အကြောင်းကြားမှာ ဖြစ်လို့ ထီပေါက်စဉ်စာရွက်တွေနဲ့ Online ပေါ်က ပေါက်စဉ်တွေကို အပင်ပန်းခံ လိုက်ရှာနေစရာ မလိုတော့ပါဘူး။
၄.၅) ဆုမဲပေါက်တဲ့အခါ ငွေထုတ်ယူခြင်း
ဆုမဲပေါက်ရင် နေ့ချင်းပြီး ထုတ်ယူနိုင်ဖို့ Thai Htee Team က စီစဉ်ပေးမှာပါ။ ထီပေါက်သူက Kyat (MMK) ဒါမှမဟုတ် Bhat (THB) ကြိုက်နှစ်သက်ရာ ရွေးချယ်ယူနိုင်ပါတယ်။ ဆုမဲအကြီးတွေကိုတော့ ထီပေါက်သူ စိတ်တိုင်းကျ Thai Htee Team နဲ့ တိုင်ပင်ဆွေးနွေးပြီး စီစဉ်ထုတ်ပေးသွားမှာပါ။
ထီဆုငွေ ထုတ်ယူပြီး ဝယ်ယူသူထံ လွှဲပြောင်းပေးတဲ့အခါ ဆုငွေစုစုပေါင်းရဲ့ ၂% ကို ဝန်ဆောင်ခအဖြစ် နှုတ်ယူပြီး ကျန်တဲ့ဆုငွေကို တရားဝင် လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။
စည်းကမ်းချက်များနှင့် သတ်မှတ်ချက်များ (Terms & Conditions)
ရေရှည် လက်တွဲလုပ်ကိုင်နိုင်ဖို့ အောက်ပါစည်းကမ်းချက်တွေကို လိုက်နာရပါမယ်။
၅.၁) ငွေပေးချေမှုဆိုင်ရာ မူဝါဒ (Payment Policy)
ဝက်ဘ်ဆိုဒ်မှာ သတ်မှတ်ထားတဲ့ တရားဝင်ဘဏ်အကောင့်တွေနဲ့ Mobile ငွေကြေးစနစ် (Payment Methods) တွေကနေသာ တိကျတဲ့ပမာဏကို လွှဲပြောင်းပေးချေရပါမယ်။ Slip အတုပြုလုပ်ခြင်း၊ ငွေလွှဲမှားဟန်ဆောင်ခြင်း၊ Money Laundering နဲ့ စနစ်ကို လိမ်လည်ဖို့ ကြိုးပမ်းခြင်းတွေ တွေ့ရှိရင် အကောင့်ကို ချက်ချင်းပိတ်သိမ်းခြင်း၊ အော်ဒါအားလုံး Cancel လုပ်ခြင်းနဲ့ မရိုးမသားရရှိထားတဲ့ Commission အားလုံး သိမ်းဆည်းခြင်းတွေ လုပ်ဆောင်မှာပါ။
၅.၂) လူမှုကွန်ရက် အသုံးပြုမှုဆိုင်ရာ မူဝါဒ (Social Media Policy)
Agent တွေဟာ TikTok၊ Facebook၊ YouTube၊ Telegram နဲ့ အခြား Social Media Platform တွေမှာ ကြော်ငြာ Video နဲ့ Content တင်တဲ့အခါ Platform တွေရဲ့ Community Guidelines နဲ့ Advertising Policy တွေကို မဖြစ်မနေ လိုက်နာရပါမယ်။ Content ကြောင့် ဒါမှမဟုတ် လောင်းကစားဆန်တဲ့ စကားလုံးတွေ သုံးမိလို့ မိမိတို့ရဲ့ Social Media Account ပိတ်ခံရတာတွေအတွက် ဝက်ဘ်ဆိုဒ်ဘက်က တာဝန်ယူပေးမှာ မဟုတ်ပါဘူး။
၅.၃) တားမြစ်ထားတဲ့ လုပ်ရပ်များ (Prohibited Activities)
- ငွေလွှဲပြေစာအတု၊ အခြားသူရဲ့ အမည်နာမနဲ့ အထောက်အထားအတု အသုံးပြုခြင်း။
- Account တစ်ခုကို လူအများ စုပေါင်းမျှဝေသုံးစွဲခြင်း။
- ဝက်ဘ်ဆိုဒ်ကို Hack ဖို့ ကြိုးပမ်းခြင်း၊ Reverse Engineering လုပ်ခြင်း။
- Bot၊ Malware နဲ့ Virus အသုံးပြုခြင်း သို့မဟုတ် Spam လုပ်ခြင်း။
- Money Laundering နဲ့ ဝက်ဘ်ဆိုဒ်ရဲ့ Security ကို ချိုးဖောက်ခြင်း။
- အထက်ပါ တားမြစ်ချက်တွေ ချိုးဖောက်တဲ့ Account ကို ဝက်ဘ်ဆိုဒ်က ချက်ချင်း အပြီးပိုင် ပိတ်သိမ်းပိုင်ခွင့်ရှိပါတယ်။
၅.၄) ကိုယ်ရေးအချက်အလက် ထိန်းသိမ်းမှု မူဝါဒ (Privacy Policy)
အသုံးပြုသူတွေပေးထားတဲ့ Personal Data တွေကို ဝက်ဘ်ဆိုဒ်ရဲ့ တရားဝင် Privacy Policy အတိုင်း အလေးထားပြီး လုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက်သွားမှာပါ။ တည်ဆဲဥပဒေအရ အာဏာပိုင်အဖွဲ့အစည်းတွေက တရားဝင်တောင်းခံလာတာကလွဲလို့ ဘယ်တတိယပုဂ္ဂိုလ်ကိုမှ ထုတ်ဖော်ပေးမှာ မဟုတ်ပါဘူး။
၅.၅) ဝက်ဘ်ဆိုဒ်နှင့် စည်းကမ်းချက်များ ပြင်ဆင်ခြင်း (Website Modification)
ဝက်ဘ်ဆိုဒ်ဟာ ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေပေးနိုင်ဖို့ Services၊ Features၊ Payment Systems နဲ့ ဒီ Terms & Conditions တွေကို ကြိုတင်အသိမပေးဘဲ အချိန်မရွေး ပြင်ဆင်၊ ဖြည့်စွက် ဒါမှမဟုတ် ရပ်ဆိုင်းပိုင်ခွင့် ရှိပါတယ်။
၅.၆) အကောင့်ယာယီပိတ်ခြင်းနှင့် အပြီးပိုင်ပိတ်သိမ်းခြင်း (Suspension & Termination)
Terms ချိုးဖောက်ခြင်း၊ Fraud လုပ်ခြင်း၊ Slip အတုသုံးခြင်း၊ Account အတုဆောက်ခြင်း၊ တရားမဝင်လုပ်ငန်းလုပ်ခြင်း ဒါမှမဟုတ် ဝက်ဘ်ဆိုဒ်ရဲ့ Security ကို ထိခိုက်စေခြင်းတွေ တွေ့ရှိရင် အကောင့်ကို ယာယီ ဒါမှမဟုတ် အပြီးပိုင် ပိတ်သိမ်းပိုင်ခွင့် ရှိပါတယ်။
၅.၇) ဆက်သွယ်ရန် (Contact Us)
ဒီစည်းကမ်းချက်တွေနဲ့ ပတ်သက်ပြီး နားမလည်တာ၊ မေးချင်တာ ဒါမှမဟုတ် အကြံပြုချင်တာရှိရင် ဝက်ဘ်ဆိုဒ်မှာ တရားဝင်ဖော်ပြထားတဲ့ Official Contact Channels တွေကနေ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်။